မြန်မာအစိုးရကသာကြာနေ့မှာအကျဉ်းသားတွေကိုလွှတ်ပေးမယ်လို့ ကြာသပတေးနေ့မှာကြညာခဲ့တာမို့မြန်မာအစိုးရလွှတ်ပေးမယ့်ထဲမှာင်ငံရေးအကျဉ်းသားပါမပါ စောင့်ကြည့်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၁၀၀၀ ကျော် ရှိနေတာမို့သူတို့အားလုံးကိုချွင်းချက်မရှိအမြန်ဆုံးပန်လွှတ်ပေးဖို့ကိုလည်းတာင်းဆိုလိုက်ပါတယ်။တချိန်တည်းမှာပဲ အမေရိကန်ဒီမိုကရက်တစ်ပါတီကအာက်လွှတ်တော်အမတ်ဂျိုးဆက်ခရော်လီဟာလည်း မြန်မာနိုင်ငံမှာ ရောက်နေပြီး အမေရိကန် အထက်လွှတ်တော်က ရီပတ်ဘလစ်ကင် ပါတီခေါင်းဆောင် ဖြစ်တဲ့ အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကော်နဲ ဟာလည်း ရှေ့သတင်းပတ်အစောပိုင်းမှာ မြန်မာနိုင်ငံကို လာမယ်လို့ ဇန်န၀ါရီလ ၁၂ရက်နေ့က ကြေညာခဲ့ပါတယ်။

  ကြာသပတေးနေ့ညနေ၆နာရီမှာမြန်မာ့ရုပ်မြင်သံကြားကနေအကျဉ်းသား၆၅၁ယာက်ကို ဒီကနေ့သာကြာနေ့မှာလွှတ်ပေးမယ်လို့ကြညာခဲ့တာမို့ဒီအထဲမှာနိုင်ငံရေးအကျဉ်းသားဘယ်နှစ်ယောက်ပါမယ် ဆိုတာကိုစာင့်ကြည့်နေပါတယ်လို့အမေရိကန်င်ငံခြားရေးဌာနပြောခွင့်ရကVOAကိုပြောပါတယ်။“မြန်မာအစိုးရက ဇန်န၀ါရီလ၁၃ရက်နေ့မှာအကျဉ်းသားတွေကိုလွှတ်ပေးဖို့ရှိတယ်ဆိုတဲ့သတင်းကိုအမေရိကန် နိုင်ငံခြားရေးဌာနက ကြားသိရပါတယ်။အသေးစိတ်အချက်အလက်တွေထုတ်ပြန်မှာကိုစာင့်နေပါတယ်။အထူးသဖြင့်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမယ့်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေပါမပါကိုသိချင်ပါတယ်။မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသား တထောင်ကျော်ကိုလွှတ်မပေးသေးတာအတွက်အမေရိကန်ပြည်ထောင်စုကစိုးရိမ်စိတ်ပူပါတယ်။သူတို့အားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်ပြီးလွှတ်ပေးဖို့ လည်း တောင်းဆို ပါတယ်”
နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့အမေရိကန်အစိုးရနဲ့တကွနိုင်ငံတကာကတစိုက်မတ်မတ် တောင်းဆိုနေကြတာပါ။ အခု လွတ်ငြိမ်း ချမ်းသာခွင့်ဟာ မြန်မာအစိုးရသစ် လက်ထက်မှာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး အခုချိန်ထိ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်တွေကြောင့်လွတ်မြောက်လာသူတွေထဲမှာင်ငံရေးအကျဉ်းသားက ၃၀၀ ကျော်ပဲ ရှိနေသေးတာပါ။
အမေရိကန်အစိုးရရဲ့မြန်မာနိုင်ငံဆိုင်ရာမူဝါဒညှိနှိုင်းရေးမှူးဖြစ်တဲ့အထူးကိုယ်စားလှယ်DerekMitchell မြန်မာနိုင်ငံကိုစတုတ္ထ အကြိမ်မြောက်သွားနေချိန်မှာမြန်မာအစိုးရကအခုလိုလွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်လိုက်တာဖြစ်ပြီးမစ္စတာမစ်ချဲလ်ဟာ ကြာသပတေးနေ့ကမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒ်ါအောင်ဆန်းစုကြည်နဲ့တွ့ဆုံပြီးနိုင်ငံရေးအကျဉ်းသားကိစ္စအပါအ၀င် နောက်ဆုံး မြန်မာနိုင်ငံတွင်း ဖြစ်ထွန်းတိုးတက်မှုတွေကို ဆွေးနွေးခဲ့တယ်လို့လည်း ပြောပါတယ်။
“မစ္စတာ ဒဲရစ်မစ်ချဲလ် ဟာ ဇန်န၀ါရီလ ၁၂ရက်နေ့မှာ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အပြင် လူမှု လူ့အဖွ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ မကြာသေးခင်ကမြန်မာနိုင်ငံခရီးစဉ်အပါအ၀င်အမေရိကန်နိုင်ငံကစိုးရိမ်နေတဲ့အရေးကိစ္စတွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေလွှတ်မပေးသေးတာ၊တိုင်းရင်းသားဒေသတွေမှာဆက်ဖြစ်နေတဲ့စစ်ပွဲတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်”
မြန်မာနိုင်ငံနဲ့ထိတွေ့ဆက်ဆံမှုတွေတိုးပြီးလုပ်လာတဲ့အမေရိကန်ပြည်ထောင်စုကမြန်မာအပေါ် အရေးယူဒဏ်ခတ်ထားဆဲဖြစ်ပြီးမြန်မာအစိုးရရဲ့ဒီမိုကရေစီရေးပြောင်းလဲမှုတွေဆက်လက်လုပ်ဆောင်လာတဲ့ အပေါ်မူတည်ပြီး ဖြေလျော့ပေးဖို့ စဉ်းစားတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုတွေထဲမှာ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေးကို အဓိကထားတဲ့ အချက်တခုအနေနဲ့ တောင်းဆိုခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးဆက်ခရော်လီ (Joseph Crowley) ဟာလည်း မြန်မာနိုင်ငံကို ၂ ရက်ကြာခရီး ရောက်ရှိနေပြီး ရန်ကုန်မှာ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့သလို နိုင်ငံရေး အကျဉ်းသားအားလုံးကိုလွှတ်ပေးဖို့တာင်းဆိုကြောင်း ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ မစ္စတာခရော်လီဟာနိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေနဲ့ပထမဆုံးတွ့ဆုံတဲ့အမေရိကန် အောက်လွှတ်တော်အမတ်တဦးဖြစ်ပြီး အကျဉ်းကျNLDအဖွဲ့ဝင်တွေ၊၈၈ကျောင်းသားခေါင်းဆောင်တွေ၊သတင်းမီဒီယာသမားတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်ဦးခွန်ထွန်းဦးနဲ့ဦးစိုင်းညွန့်လွင်တို့အပါအ၀င်တိုင်းရင်းသားအဖွဲ့အစည်းတွေက နိုင်ငံရေး အကျဉ်းသားမိသားစုတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
မစ္စတာခရော်လီဟာမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက်အမေရိကန်အစိုးရကJADEဥပဒေတရပ်ကို ပြဌာန်းပြီး မြန်မာ စစ်ခေါင်းဆောင်တွေကို အရေးယူ ဒဏ်ခတ်နိုင်ဖို့ အတွက် ကျိုးပမ်းခဲ့သူတဦး ဖြစ်တဲ့အပြင် မြန်မာ့အရေးကို တက်တက်ကြွကြွနဲ့ ဆောင်ရွက်တဲ့ အမေရိကန် အောက်လွှတ်တော် အမတ်တဦးဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအထက်လွှတ်တော်ရီပတ်ဘလစ်ကင်ပါတီခေါင်းဆောင် မစ်ခ်ျမက်ကော်နဲလ်ဟာလည်း တနင်္ဂနွေနေ့ကနေ ဗုဒ္ဓဟူးနေ့ အထိ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး အစိုးရပိုင်း တာဝန်ရှိသူတွေ နဲ့ရော မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ ကြာသပတေးနေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။